သရက်မြို့၌ ပါဠိပထမပြန် စာမေးပွဲ ဖြေဆို

သရက် ဇွန် ၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက သာသနာဗိမာန်တော်ကြီးအတွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမလတ်အတန်းတွင်(၂)ဦး၊ ပထမငယ်တန်းတွင်(၄)ဦး၊ အခြေပြုမူလတန်းတွင် (၂)ဦး စုစုပေါင်း (၈) ဦးဖြင့် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)