ဆိပ်ဖြူမြို့နယ်တွင် ရေကြီးရေလျှံမှု ဘေးအန္တရာယ်တုံ့ပြန်ကာကွယ်ရေးအတွက် ရေယာဉ်စမ်းသပ်မောင်းနှင်ခြင်းနှင့် လေ့ကျင့်ဆောင်ရွက်

ဆိပ်ဖြူ ဇွန် ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေကြီးရေလျှံမှုအန္တရာယ် တုံ့ပြန်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေယာဉ်စမ်းသပ်မောင်းခြင်းနှင့် လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံ၌ ပြုလုပ်သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ပိုင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံး ရာဘာလေသွင်း (30HP) စက်တပ်ရေယာဉ်ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအေးမင်းမောင် ကြီးကြပ်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက စက်တပ်ရေယာဉ်မောင်းနှင်လေ့ကျင့်ခြင်းလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)