မြို့သစ်မြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးစာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများလေ့လာဖတ်ရှုနိုင်စေရန်အတွက် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးစာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။