အောင်လံမြို့နယ်၌ ၁၃၈၆ ခုနှစ်၊ အစိုးရပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲ စတင်ဖြေဆို

အောင်လံ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ၁၃၈၆ ခုနှစ်၊ အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၌ ကျင်းပခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို စာဖြေသံဃာပထမကြီးတန်း(၅)ပါး၊ ပထမလတ်တန်း (၁၀)ပါး၊ ပထမငယ်တန်း(၃၂)ပါး၊ အခြေပြုမူလတန်း(၄၄)ပါး၊ စုစုပေါင်း စာဖြေသံဃာ(၉၁)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များက မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ စာမေးပွဲကို ဇွန်လ ၄ ရက်နေ့ မှ ဇွန်လ ၁၀ ရက် နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)