မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူအိမ်ထောင်စု ၁၀ စုအား ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကြက်ခြေနီအသင်းမှတာဝန်ရှိသူများသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ကြသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ(၉၉ ဒဿမ ၃၈) ရာခိုင်နှုန်း ဖြေဆို

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက စာဖြေဌာန(၂)ဖြင့် ကျင်းပဆောင်ရွက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၉၉ ဒဿမ ၃၈) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၄၄)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁၅၂) ဦး ဝင်ရောက်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန (၃) ခုတွင် ကျင်းပခဲ့ရာ ပထမနေအဖြစ် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူပေါင်း (၁၁၅၂) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ ဖြေဆိုမှုရာခိုင်နှုန်း (၉၇) ဒသမ (၈၅) ရာခိုင်နှုန်းရှိ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ရေနံချောင်းမြို့ အ.ထ.က (၁) စာဖြေဌာန၌ ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၀၀၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၇) ဒသမ (၈၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်)စာစစ်ဌာနတွင် ကျောင်းသား/သူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူ (၉၄.၅၄) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ကံမ)စာစစ်ဌာန၌ ယနေ့နံနက်(၉)နာရီက ကျောင်းသား/ ကျောင်းသူ(၄၅၀) ဦး မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ (အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတို့တွင် စတင်ဖြေဆိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့မှ စတင်ကျင်းပလျက်ရှိရာ စာစစ်ဌာန အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး