မကွေးတိုင်းဒေသကြီး

မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊‌ချောက်ခရိုင်၊ချောက်မြို့နယ်၌ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ဇွန်၂၆ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို  မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)၌ ဇွန်လ ၆ ရက်နေ့ နံနက် ၈ နာရီက ကျင်းပသည်။

အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန၌ ပျိုးပင်ပေါင်း (၆၁၇၀၀) ပင် ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်စသည့် ပျိုးပင်ပေါင်း (၆၁၇၀၀) ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ခံတစ်ဦးထံက သိရသည်။

မင်းဘူးခရိုင်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီသစ်မျိုးစုံ အပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးထားရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဒေသတွင်း ကျေးလက်ဒေသဖွံဖြိုးရေးကို အထောက်အကူဖြစ်စေရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်စေရန်နှင့် ဂေဟစနစ် မျှတကောင်းမွန်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများအဖြစ် သစ်မျိုးစုံ အပင်ပေါင်း (၁၅၀၀၀၀)ကျော် ခရိုင်အတွင်းရှိ မြို့နယ်များ၌ စိုက်ပျိုးထားကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ရိက္ခာအဖြစ်ကြက်ဉများ ချီးမြှင့်ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ဂန့်ဂေါတပ်နယ်မှူးမှ ဂန့်ဂေါမြို့အတွင်းတာဝန်ထမ်းဆောင် နေကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဝန်ထမ်းရိက္ခာအဖြစ် ကြက်ဉများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန် ၅ ရက် ညနေပိုင်းက ကျင်းပသည်။

မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် (၁)နာရီက စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပသည်။

ချောက်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်‌မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တာ်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် သစ်ပင်စိုက်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး