ချောက် ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ချောက်မြို့နယ်၌ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြင့်ကျောင်းပေါ်ထွန်းရေးအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က အမှာစကားပြောကြာပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးက မြို့နယ်အတွင်း ကျောင်းကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး ဆောင်ရွက်ရမည့်အချက်အလက်၊လုပ်ငန်းစဉ်တို့အား ရှင်းလင်းပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွင်း ကျောင်းများကဏ္ဍအလိုက်ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ချောက်မြို့နယ်မှကျန်းမာရေးနှင့်ပညာရေးဝန်ထမ်း နည်းပြဆရာ/ဆရာမ(၄)ဦးတို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာဆရာမ စုစုပေါင်း(၂၀၀)တို့ အား ဇွန်၆ရက်မှ၇ရက်ထိ ကျောင်းအခြေပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးအဆင့်မြင့်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အဆင့်အလိုက်ခွဲခြားသတ်မှတ်ရမည့် လုပ်ငန်းတာဝန်တို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)