မင်းဘူး ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် (၁)နာရီက စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Grade 6, Grade 7, Grade 8, Grade 9 မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအထိမ်းအမှတ် “လူကုန်ကူးမှုပပျောက်ဖို့ ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး စုစုပေါင်း (၂၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲမှ ဆုရရှိသူများကို ကျောင်းစုံညီပွဲတော်၌ ဆုများအသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း အ-ထ-က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းကြည်က ပြောသည်။
ဇေယျာနိုင်(ရွှေကန်မြေ)