မြို့သစ် ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်စသည့် ပျိုးပင်ပေါင်း (၆၁၇၀၀) ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ခံတစ်ဦးထံက သိရသည်။
၂၀၂၆ ခုနှစ် မိုးရာသီ၌ နိုင်ငံပိုင်စီးပွားရေး ကျွန်းစိုက်ခင်း၊ ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများထိန်းသိမ်းခြင်း၊ ကျေးရွာအခြေပြုကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲ/ယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာများနှင့်ပြည်သူလူထုသို့ပျိုးပင်များ အခမဲ့ဖြန့်ဝေစိုက်ပျိုးခြင်းတို့အတွက် ယခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း(၆၁၇၀၀)ပင်ကို မြို့သစ်မြို့နယ်၊ သစ်တောဦးစီးဌာန ပျိုးဥယျာဥ်အတွင်း ပျိုးထောင်ပြုစုထားရှိကြောင်း သိရသည်။
သန်းဝင်းထွန်း ပြန်ဆက်