ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် သစ်ပင်စိုက်ပွဲ ကျင်းပ

ပခုက္ကူ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခေတ္တပါမောက္ခချုပ်နှင့်သင်ကြား/စီမံဌာနမှူးများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးသိန်းဝင်းအောင်တို့က ယင်းမာ၊ ပိတောက်၊ တမလန်း၊ ကုက္ကိုလ်(အဖြူ၊အညို) စုစုပေါင်းပျိုးပင် ၄၅၀ ပင်အား ပေးအပ်ကြသည်။ ထို့နောက် ပခုက္ကူတက္ကသိုလ်ဝန်းအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသစ်ပျိုးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)