မကွေးတိုင်းဒေသကြီး

မြို့နယ်အဆင့်ကျန်းမာရေး အဆင့်မြင့်ကျောင်းပေါ် ထွန်းရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊‌ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီး ဌာနတို့ပူးပေါင်းကျင်းပသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြင့် ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊( ရတနာ) ခန်းမ၌ ကျင်းပသည်။

ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်သည်။

ပခုက္ကူမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

စလင်းမြို့နယ်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်များအား မီးဘေးလုံခြုံရေးမီးဘေးအန္တရာယ် ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား ရက်(၁၀၀)အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို  မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။   

မကွေးတိုင်းဒေသကြီး၌ ဥပဒေအရာရှိများအား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာတွေ့ဆုံမေးမြန်း

ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကို ဇွန် ၅ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင် ခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ‌ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပသည်။

မင်းလှမြို့တွင် ထင်းအစားအခြားလောင်စာတိုးမြှင့် သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ စီစဥ်ကြီးကြပ်မှုဖြင့် ထင်းအစားအခြား လောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူထုပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းလှမြို့၊ ရုံးရပ်ကွက်မြောက်ပိုင်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံ၌ ကျင်းပသည်။

မင်းလှမြို့တွင် ထင်းအစားအခြားလောင်စာတိုးမြှင့် သုံးစွဲရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ စီစဥ်ကြီးကြပ်မှုဖြင့် ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက မင်းလှမြို့၊ ရုံးရပ်ကွက်မြောက်ပိုင်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံ၌ ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး