ငဖဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်းကျင်းပပြုလုပ်မည့် မြို့နယ်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲ ဆိုင်ရာအတွေ့အကြုံများရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပသည်။