ဆိပ်ဖြူ ဇွန် ၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ဇွန်၂၆ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)၌ ဇွန်လ ၆ ရက်နေ့ နံနက် ၈ နာရီက ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပရာ အလယ်တန်း အဆင့်ကျောင်းသား/ကျောင်းသူ(၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များက ပန်းချီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးကာ မျိုးဆက်သစ်လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြင့်မားတိုးတက်ရေး ကာယ၊ ဉာဏပြိုင်ပွဲများကို ဆက်လက်ကျင်းပဆောင်ရွက်နိုင်သွားရန်မှာကြားပြီး စာကြည့်တိုက်ရှိစာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ကိုဇွဲ (အညာမြေ)