ဂန့်ဂေါမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ရိက္ခာအဖြစ်ကြက်ဉများ ချီးမြှင့်ပေးအပ်

ဂန့်ဂေါ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ဂန့်ဂေါတပ်နယ်မှူးမှ ဂန့်ဂေါမြို့အတွင်းတာဝန်ထမ်းဆောင် နေကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဝန်ထမ်းရိက္ခာအဖြစ် ကြက်ဉများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန် ၅ ရက် ညနေပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဂန့်ဂေါမြို့အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂန့်ဂေါတပ်နယ်မှူးကိုယ်စား ဝန်ထမ်းရိက္ခာအဖြစ် ကြက်ဉများကို ထောက်ပံ့ပေးအပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။         

အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရိက္ခာကြက်ဉများကို ထောက်ပံ့ပေးအပ်ရာတွင် ဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ(၇)လုံးနှုန်းဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ (၁၀၃၈)ဦးအတွက် ကြက်ဉပေါင်း(၇၂၈၃)လုံး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၄၀)ခန့်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)