ဒိုက်ဦးမြို့တွင် ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေလျက်ရှိ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် လက်ကမ်းစာစောင်ကို ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က မြို့နယ်အားကစားရုံတွင် အသက် ၁၃ နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ လာရောက်ကြည့်ရှူသော မိဘပြည်သူများထံ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။