ပဲခူးတိုင်းဒေသကြီး

မိုးစပါးစိုက်ပျိုးရာသီတွင်ဓာတ် မြေဩဇာများ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများလိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနိုင်ရေးအတွက် စိုက်ပျိုးရေးအရောင်းဆိုင်များအားကွင်းဆင်း စစ်ဆေးခြင်းကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းလျာထားဧက (၃၉၁၆၄) ဧကအနက် (၂၄၂၅၂) ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း မိုးနှမ်းလျာထားဧက (၃၉၁၆၄) ဧက အနက် (၂၄၂၅၂) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လက်ပံတန်း၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့်စံပြကျေးရွာ ဆုပေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ကြီးမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု ဖန်ခါးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စီမံမှုဖြင့် ငှက်ပျောပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

တောင်ငူတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျောင်းသား ကျောင်းသူများ တောင်ငူခရိုင်တရားရုံးသို့ လာရောက်လေ့လာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများသည် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင်တရားရုံး၌ တရားခွင် လက်‌တွေ့မှုခင်းစစ်ဆေးမှုအား လာ‌ရောက်လေ့လာကြသည်။

ဇီးကုန်းမြို့နယ်၌ ရေဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရေဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် ဇီးကုန်မြို့နယ် စမ်းအိုင်ကျေးရွာ၌ ဆောင်ရွက်သည်။

ရေတာရှည်မြို့နယ် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပသည်။

မိုးညိုမြို့နယ် တောင်ဇင်းကျေးရွာ၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာရှိ အ.ထ.က(တောင်ဇင်း)ကျောင်းဝင်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၊ရွာတန်းရှည်ကျေးရွာအုပ်စုတွင်  ဆင်းသုခ(RS-CS)မျိူးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးနိုင်ရေး (၁၅၀၉၅၄)ဧက လျာထားကြောင်းနှင့် ရွာတန်းရှည်ကျေးရွာအုပ်စု ၊ရွာတန်းရှည်ကျေးရွာ ၊တောင်သူဦးစိန်ဝင်း၏ စိုက်ခင်းတွင် ဆင်းသုခ (RS-CS) မျိူးစေ့ထုတ် ဧက(၂၀) စိုက်ပျိုးထားကြောင်း သိရသည်။

မင်းလှမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစု‌ ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သရက်တပင်ကျေးရွာအုပ်စု၊ အ.ထ.က သရက်တပင်ကျောင်းဝန်း၌ ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး