ရေတာရှည်မြို့နယ် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရေတာရှည် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးနေဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်း‌ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သော်ဇင်‌အောင်နှင့်‌ ကျောင်းဆရာကြီး ဦးနိုင်‌အောင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဝါသနာ၊ လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)