မင်းလှမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

မင်းလှ ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစု‌ ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သရက်တပင်ကျေးရွာအုပ်စု၊ အ.ထ.က သရက်တပင်ကျောင်းဝန်း၌ ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ပြည့်စံတို့က သစ်ပင်စိုက်ပျိုးမည့် တာဝန်ရှိသူများထံ ပျိုးပင်များ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြိုနယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခ‌ရေ၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင် (၁၃၅၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)