လက်ပံတန်း ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြကျေးရွာ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် စံပြကျေးရွာဆုရရှိသော နဘဲကွင်းအုပ်စု ရှမ်းကွင်းကျေးရွာနှင့် စီမံကိန်းကဏ္ဍအလိုက် ဆုရရှိ သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် တာဝနရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)