ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍမှ သက်တန့်ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော မိုးစပါး၊ ဝါ စိုက်ပျိုးသည့် တောင်သူများသို့ မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ စိုက်ပျိုးရေးစခန်းတွင် ကျင်းပပြုလုပ်သည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထင်းအစားထိုးအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများအခမဲ့ပေးအပ်

ပျော်ဘွယ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများသို့သွားရောက်၍ ကျေးလက်နေပြည်သူများ ထင်းအစားထိုးအခြားလောင်စာတိုးမြှင့်သုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းကိုဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၅ ရက်၊ နံနက် ၁၀ နာရီက ကျောင်းကုန်းကျေးရွာတွင်လည်း ဆောင်ရွက်ခဲ့ကြသည်။

လက်ပံတန်းမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ဥပဒေရုံးမှ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လက်ပံတန်း (GTI)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT)ဆင်းပွဲအခမ်းအနားကျင်းပ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြိုနယ် ဥပဒေရုံးမှ နိုင်ငံသားတိုင်းတရား ဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေးနှင့် ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရေးအတွက်ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်သူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ သူများနှင့် ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းကို ဇွန်လ၂၅ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ဇီဝမီးသွေးမြေဩဇာ (Biochar) ထုတ်လုပ်နည်း တောင်သူများအား လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေသခံတောင်သူများအနေဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချရေး၊ သဘာဝမြေသြဇာပြုလုပ်၍ ပိုမိုသုံးစွဲရေးရည်ရွယ်၍ ဇီဝမီးသွေးမြေသြဇာ (Biochar) ထုတ်လုပ်နည်းတောင်သူများအား လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က သဲကုန်းမြို့နယ် ဟင်းသီးဟင်းရွက်နှင့်ပန်းမန်ဗဟိုသုတေသနဌာနတွင် ဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ဇွန် ၂၄ ရက်နေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဝန်ကြီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ သရက်တောဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး