ကျောက်ကြီး ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု ဖန်ခါးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စီမံမှုဖြင့် ငှက်ပျောပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မူလတန်းလွန် ဖန်ခါးကုန်းကျောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ဖီးကြမ်းပျိုးပင်(၄၀)ပင်၊ တစ်ရှုးသီးမွှေးပျိုးပင်(၃)ပင်၊ သဒ္ဒါနီပျိုးပင်(၆)ပင်၊ သဒ္ဒါစိမ်းပျိုးပင်(၄)ပင်၊ သီးမွှေးပျိုးပင်(၁၆)ပင်၊ဝက်မလွတ်ပျိုးပင် (၂၀)ပင်၊ ရခိုင်ပျိုးပင်(၁၄)ပင် စုစုပေါင်း ငှက်ပျောပျိုးပင်(၁၀၃)ပင်အား မူလတန်းလွန် ဖန်ခါးကုန်းကျောင်းခြံဝန်းအတွင်းရှိ မြေလွတ် သတ်မှတ်နေရာများတွင် အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်