ဖြူး ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးနိုင်ရေး (၁၅၀၉၅၄)ဧက လျာထားကြောင်းနှင့် ရွာတန်းရှည်ကျေးရွာအုပ်စု ၊ရွာတန်းရှည်ကျေးရွာ ၊တောင်သူဦးစိန်ဝင်း၏ စိုက်ခင်းတွင် ဆင်းသုခ (RS-CS) မျိူးစေ့ထုတ် ဧက(၂၀) စိုက်ပျိုးထားကြောင်း သိရသည်။
ထိုသို့ မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ရာ ဒေသအတွင်း မျိုးကောင်းမျိုးသန့်များ ပြန်လည် စိုက်ပျိုးနိုင်ရန် ဆင့်ပွားမျိုးစေ့များ စိုက်ပျိုး၍ စပါးအထွက်နှုန်း ကောင်းစေရေး မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ မိုးစပါးစိုက်ပျိုးတောင်သူများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)