သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဝင်ငွေတိုးပွားစေရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။