ပဲခူးတိုင်းဒေသကြီး

ပန်းတောင်းမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နေ့လယ်က ဒေသတွင်းရှိ ကျေးရွာအုပ်စုအသီးသီးသို့ လှည့်လည်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ကိုဗစ်- ၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ် ၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ညောင်လေးပင်မြို့နယ်ရှိ ဆေးရုံများတွင် ဆေးရုံကူးစက်ရောဂါ ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် ဆေးရုံကူးစက်ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ သဘာဝဘေးလျော့နည်းရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်လျော့နည်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့နံနက်ပိုင်းက တမာကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အထူးကုဆရာဝန်ကြီးများအဖွဲ့က မြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာရှင်များအား ဇွန် ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးသည်။

ပန်းတောင်းမြို့နယ်တွင် စပါးခွံမီးသွေးဖြင့် သဘာဝမြေသြဇာ(ဘိုင်အိုချာ)ထုတ်လုပ်၍ စပါးခွံ ပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား စပါးခွံမီးသွေး၊ သဘာဝမြေသြဇာ(ဘိုင်အိုချာ)ထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြပွဲကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊သိုလှောင်ရုံ၌ ပြုလုပ်သည်။

ကြို့ပင်ကောက်မြို့နယ်တွင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ဇွန်လ ၂၃ ရက်နေ့ကကျင်းပခဲ့သည်။

ကြို့ပင်ကောက်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အမှတ် ၈၇ သစ်စက်ဝန်းအတွင်းတွင် ယမန်နေ့နံနက် (၈) နာရီအချိန်က ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။

ကဝမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့ပေါ်ရှိ ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇွန်လ ၂၃ ရက်နေ့ ညနေ(၄)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်း(ကဝ)တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် သားအိမ်​​ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေး

ရက်(၁၀၀)စီမံချက်ဖြင့်  အသက်(၃၅)နှစ်မှ(၆၅)နှစ်ထိ အိမ်ထောင်သည် အမျိုးသမီးများအား သားအိမ်​​ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းကို ဇွန်လ(၂၃)ရက်နေ့၊ မွန်းတည့် (၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် ခုတင်(၁၀၀)ဆံ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး