ပေါက်ခေါင်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း မိုးနှမ်းလျာထားဧက (၃၉၁၆၄) ဧက အနက် (၂၄၂၅၂) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မေလဆန်းတွင် စတင်စိုက်ပျိုးကြရာ ယခုလအထိ (၂၄၂၅၂) ဧက စိုက်ပျိုးနိုင်ကြောင်းသိရပြီး နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရိတ်သိမ်းချိန်အထိ အပင်ပြုစုမှုနည်းစနစ်များကို လက်တွေ့အသိပညာပေးလုပ်ငန်းများနှင့်ပေါင်းစပ်၍ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် ပိုးမွှားများကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း၍ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)