မိုးညို ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာရှိ အ.ထ.က(တောင်ဇင်း)ကျောင်းဝင်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များထံ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်တာဝန်ခံ တောအုပ်ကြီး ဦးဇော်လွင်က ပျိုးပင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့်က ကျွန်း(၂၀၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ပျဉ်းကတိုး(၅၀)၊ မဟော်ဂနီ(၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)