ဧရာဝတီတိုင်းဒေသကြီး

မော်လမြိုင်ကျွန်းမြို့နယ်၌ သုခမင်္ဂလာရွေ့လျားဆေးကုသရေးယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအခမဲ့ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်းမီရရှိစေရေးနှင့် ရောဂါများကိုစောစီးစွာ ရှာဖွေကုသနိုင်စေရေး ရည်ရွယ်၍ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သုခမင်္ဂလာ ရွေ့လျားဆေးကုသရေး ယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ (၁၅) လမ်းရှိ ကုန်တင်ကုန်ချကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ်၌ အခြေခံစားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် (၇:၃၀) အချိန်က ဈေးရပ်ကွက်ဘုရားလမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးရှေ့၌ အခြေခံစားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းမှ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ကျုံပျော်မြို့နယ် ရွာသစ်ကျေးရွာ အလကတွင် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ ရွာသစ်ကျေးရွာ  အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့‌နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်နှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာရွတ်နှင့် ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းငုဝါဆောင်ခန်းမ၌ လူငယ်များ၏ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်နှင့် မှန်ကန်သော အသိအမြင်များရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ဇလွန်မြို့နယ်၌ အမျိုးသမီးပိုက်ကျော် ခြင်းပြိုုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားအသက် (၂၃) နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်းပြိုုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတတက္ကသိုလ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ဟင်္သာတတက္ကသိုလ်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်၌ ရေလမ်းခရီးသွားပြည်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် (၇:၀၀) အချိန်မှစ၍ ရေလမ်းခရီးသွားပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို သ‌င်္ဘောဆိပ်များ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ဒါးမသိမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ် (၁၂) နာရီက ဒါးမသိမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး