ဧရာဝတီတိုင်းဒေသကြီး

ကန်ကြီးထောင့်မြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများတိုးပွားစေရန်အတွက် စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင် ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို တကုန်းကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရွှေသောင်ယံမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းများမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများမှန်ကန်စေရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ပါဝင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းကာ စတုတ္ထနေ့အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံစာအောင်ဆုပေးပွဲနှင့် (၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာအောင်ဆုပေးပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိကဝိနည်းအာဂုံ စာအောင်ဆုပေးပွဲနှင့် (၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာအောင်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြစည်မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်၊ သီရိဇေယျာဗိမာန်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စာအောင်ဆုများဆက်ကပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်ကြေညာ

ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ ဈေးများ၊ လူနေအိမ်းများတွင် မီးဘေးအန္တရာယ်မကျရောက်စေရန် အသိပေးကြေညာခြင်းကို နိုဝင်ဘာ ၂၉ ရက်နေ့ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ရပ်ကွက်များအတွင်းသို့ လှည့်လည်‌ကြေညာခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ အသုတ်မြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆွေးနွေးခဲ့ပြီး တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)၊ ဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့၊ မြေပဲမျိုးစေ့များပေးအပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်Campaignပြုလုပ်၍ သုံးစွဲမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေးသို့ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ပလပ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှုရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ ကွင်း/ကွက်အမှတ်(၁၁၆၈/ခ)၊ ဦးပိုင်အမှတ်(၁၄/၇)၌ ဆင်းရွှေကြာ (၂) နေကြာ မျိုးစေ့စိုက်ပျိုးပွဲကို တောင်သူ ဦးမြင့်ဇော် လယ်မြေ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်သံလွင်အားဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ ကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့သို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကသောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်း တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး