ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကနောင်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့အမှတ် (၃) ဈေးပိုင်းရပ်ကွက် နဝမဗုဒ္ဓစေတီအနီး ဆည်မြောင်းစွန့်ပစ်တာ အလျား ၁၆၀ ပေ၊ အနံ ၈ ပေခန့် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ယမန်နေ့နံနနက်က ဒေသခံပြည်သူများ၊ ဌာနဆိုင် ရာများစုပေါင်း၍ ကမ်းပြိုကမ်းစားကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။