ဝါးခယ်မမြို့နယ်၌ အခြေခံစားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချ

ဝါးခယ်မ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် (၇:၃၀) အချိန်က ဈေးရပ်ကွက်ဘုရားလမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးရှေ့၌ အခြေခံစားသုံးကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများလာရောက်ခဲ့ကြပြီး ဆန် (၁) ပြည်၂၅၀၀ကျပ်၊ ဆီ (၅၀) ကျပ်သား ၄၁၀၀ ကျပ်၊ ကြက်ဥ (၁) လုံး ၄၆၀ ကျပ်နှုန်းဖြင့် ရောင်းချပေးရာ ပြည်သူများက ဝယ်ယူအားပေးခဲ့ကြသည်။

အခြေခံစားသောက်ကုန်ပစ္စည်းများကို အပတ်စဉ်တနင်္လာ ဗုဒ္ဓဟူးသောကြာနေ့များတွင် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)