ဇလွန်မြို့နယ်၌ အမျိုးသမီးပိုက်ကျော် ခြင်းပြိုုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ဇလွန် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားအသက် (၂၃) နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်းပြိုုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသက် (၂၃) နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် အ.ထ.က(၁) အမျိုးသမီးပိုက်ကျော်ခြင်အသင်းနှင့် ရောင်နီထွန်းကိုယ်ပိုင်အထက်တန်းကျောင်း အမျိုးသမီးပိုက်ကျော်ခြင်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ရောင်နီထွန်း ကိုယ်ပိုင်အထက်တန်း ကျောင်း အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဆုပေးပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့်တာဝန်ရှိသူများက တတိယဆုရရှိသော ရိုးကြီးအမျိုးသမီး ပိုက်ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ၊ ဒုတိရဆုရရှိသော အ.ထ.က(၁)အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ၊ ပထမဆုရရှိသော ရောင်နီထွန်းကိုယ်ပိုင်အထက်တန်းကျောင်း အမျိုးသမီးပိုက်ကျော်ခြင်း အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)