ဧရာဝတီတိုင်းဒေသကြီး

ရွှေသောင်ယံမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အန္တရာယ်ရှိလမ်းမီးတိုင်များ အားပြန်လည်ပြုပြင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများ၊ လမ်းသွားလမ်းလာများ လျှပ်စစ်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် အန္တရာယ်ရှိ လမ်းမီးတိုင်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက နှင့်တာဝန်ရှိသူများ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကနိစံပြကျေးရွာတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်း၊ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကိုယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါစံပြ ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းပြေးခုန်ပစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့်အပြည်ပြည်ဆိုင်ရာ  မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

ဘိုကလေးမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားစေရေးအတွက် ယမန်နေ့ညနေ (၃)နာရီအချိန်က ဘိုကလေးမြို့၊ အမှတ်(၆)ရပ်ကွက် မူလွန်ကျောင်းသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့၌ ဒို့အတူတူ မဲပေးကြမယ်  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် နေ့တွင် စတင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိလူစည်ကားရာ နေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံမြို့နယ်တွင် သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ Grade-12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြမဉ္ဇူခန်းမတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ Grade-12 သင်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ Grade-12 သင် နယ်ဝေးဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ Grade-12 သင် နယ်ဝေးဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် မွေးစနှစ်လမှတစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင်၊ ယနေ့နံနက်(၉)နာရီခွဲအချိန်က မွေးစနှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ် (သံလွင်)မှတပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့ ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့်တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် နိုဝင်ဘာ ၃၀ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူ (၄၇၅) ဦးအား ငရုတ်ကောင်းမြို့တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး