ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်နှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ချောင်းသာ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာရွတ်နှင့် ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီနွယ်အေးက အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများက ပြိုင်ပွဲများကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့နှင့်သက်ဆိုင်သည့် ခေါင်းစဉ်များဖြင့် စာစီစာကုံးရေးသားခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် ပန်းချီဆွဲခြင်း ပြိုင်ပွဲများတွင် စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

မျိုးဝင်း (ပြန်/ဆက်)