ဝါးခယ်မမြို့နယ်၌ ရေလမ်းခရီးသွားပြည်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ဝါးခယ်မ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် (၇:၀၀) အချိန်မှစ၍ ရေလမ်းခရီးသွားပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို သ‌င်္ဘောဆိပ်များ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးလုပ်ငန်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှုးဦးချစ်ထွေးအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၇) ဦး တို့က ဆောင်ရွက်ပေးခဲ့ကြပြီး ရေယာဉ်များ၊ ရေလုပ်သားများနှင့် ရေလမ်းခရီးသွား လာသူပြည်သူများအား သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက Life Jacket ဝတ်ဆင်ခြင်း၊ အသက်ကယ်ဘောကွင်း အသုံးပြုနည်းစသည့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။   

မြို့နယ်(ပြန်/ဆက်)