မန္တလေးတိုင်းဒေသကြီး

သာစည်မြို့နယ် လှိုင်းတက်ကျေးရွာ ဘုရားကြီးကျောင်းတိုက်၌ ပြန်လည်တည်ထားကိုးကွယ်တော် မူမည့် ရှင်ဆင်းလှစေတီတော်မြတ်ကြီး ပန္နက်တော်တင်မင်္ဂလာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လှိုင်းတက်ကျေးရွာ ဘုရားကြီးပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ရှင်ဆင်းလှစေတီတော်မြတ်ကြီးမှာ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရာ ရဟန်းရှင်လူအများ ဖူးမြော်ကိုးကွယ်နိုင်ရန် မူလအတိုင်းပြန်လည် တည်ထားမည်ဖြစ်ရာ မေ ၁၁ ရက်နံနက် ၉ နာရီခွဲက ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး၊ ဆရာဝန်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေး

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး၊ ဆရာဝန်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်‌ဆေး(OraVacs) ပထမအကြိမ်တိုက်ကျွေးခြင်းကို မေလ ၁၂ရက် နေ့က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးတွင် ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုဒ်ဦး ရှေ့ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ပင့်သံဃာ ၁၀၈ ပါးအားဆွမ်း ဆန်စိမ်း လောင်းလှူပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှု ဖြင့်  မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် မြို့ပေါ် (၆)ရပ်ကွက်နှင့် ကျေးရွာများမှ မန္တလေးငလျင်ဒဏ်‌ကြောင့် ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား မိတ္တူများ ပြည်သူများလက်ဝယ်အရောက်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မန္တလေးငလျင်ဒဏ်ကြောင့် ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှ င့်နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများပြန်လည်ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ရွှေမုဋ္ဌော စေတီတော်မြတ်ကြီးရှိ မဟာအတုလဝေယံဘုံမ်မြင့်ဓမ္မာရုံ၌ မေလ ၁၁ ရက်နေ့က‌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း မြန်မာပြည်ဖွား တရုတ်မျိုးနွယ်စုနှင့် စေတနာအလှူရှင်များက ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း မြန်မာပြည်ဖွား တရုတ်မျိုးနွယ်စုနှင့် စေတနာ အလှူရှင်များက ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် စဉ့်ကိုင်မြို့နယ်အတွင်း ငလျင်ဘေးဒဏ်သင့်၍ နေအိမ်များပြိုကျပျက်စီးသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြောင့် ငလျင်ဘေးသင့်၍ နေအိမ်များ လုံးဝပြိုကျပျက်စီးသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ရန်အောင်မြင်ရပ်ကွက်ရှိ  ရွှေလူခန်းမအတွင်း ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ‌ဗိုလ်မှူးချုပ် တိုးမြင့်ကျော်နှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နေအိမ်များ လုံးဝပြိုကျ ပျက်စီးခဲ့သည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ကဆုန်ညောင်ရေသွန်းပွဲအခမ်းအနားကျင်းပ

လူ၊ နတ်ဗြဟ္မာ၊ သတ္တဝါတို့၏ ယုံကြည်ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ပွင့်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်တော်မူ၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွတ်အမြတ်ထားသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့် ညောင်ရေသွန်းပွဲတော်ကျင်းပလေ့ရှိရာ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အမှတ်(၁)ရပ်ကွက် ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ယမန်နေ့ ညနေ ၄နာရီခွဲက ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အမာမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) (ပစ်ခတ်စဉ်မပါ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ အချိန်က ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် မြို့ပေါ် (၆) ရပ်ကွက်နှင့် ကျေးရွာများမှ မန္တလေးငလျင်ဒဏ်‌ကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားမိတ္တူများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မန္တလေးငလျင်ဒဏ်ကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများပြန်လည် ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ မဟာအတုလဝေယံဘုံမြင့် ဓမ္မာရုံ၌ မေလ ၁၁ ရက်နေ့က‌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်တွင်သံဃာတော် (၁၀၈)ပါး ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

မြန်မာသက္ကရာဇ်  ၁၃၈၇  ခုနှစ်၊  ကဆုန်လပြည့်နေ့တွင်  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်တွင် ယမန်နေ့နံနက် (၆:၃၀) နာရီက သံဃာတော် (၁၀၈) ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  အလှူရှင်များ တက်ရောက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး