ကဆုန်လပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်တွင်သံဃာတော် (၁၀၈)ပါး ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

ပြင်ဦးလွင် မေ ၁၂

မြန်မာသက္ကရာဇ်  ၁၃၈၇  ခုနှစ်၊  ကဆုန်လပြည့်နေ့တွင်  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်တွင် ယမန်နေ့နံနက် (၆:၃၀) နာရီက သံဃာတော် (၁၀၈) ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဝိသုဒ္ဓါရုံရွှေကျင်ကျောင်း တိုက်ဆရာတော်ထံမှ ကိုးပါးသီလခံယူ၍ ဆောက်တည်ခြင်း၊ ဆရာတော်ကြီးများထံမှ မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး တာဝန်ရှိသူများနှင့်အလှူရှင်များက နဝကမ္မအလှူတော်ငွေများအား ဆရာတော်အရှင်သူမြတ်များထံသို့ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး ကဆုန်လပြည့်နေ့ ဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်တွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာ (၁၀၈) ပါးတို့အား တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)