မန္တလေးငလျင်ကြောင့်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းအဆောက်အဦများနှင့် စာသင်ကျောင်းများအား ရှင်းလင်းနေမှုကို လာရောက်ကြည့်ရှု
အမရပူရခရိုင်၊ အမရပူရမြို့နယ်ရှိမန္တလေးငလျင်ကြောင့် ရွှေဂူကြီးဘုန်းတော်ကြီးကျောင်း အဆောက်အဦပြိုကျမှုကိုရှင်းလင်းနေမှု၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း ပြိုကျ အဆောက်အဦများရှင်းလင်းနေမှုနှင့် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ဆောင်များအခြေအနေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်လာရောက်ကြည့်ရှုခဲ့သည်။