မြစ်သား မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မန္တလေးငလျင်ဒဏ်ကြောင့် ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှ င့်နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများပြန်လည်ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ရွှေမုဋ္ဌော စေတီတော်မြတ်ကြီးရှိ မဟာအတုလဝေယံဘုံမ်မြင့်ဓမ္မာရုံ၌ မေလ ၁၁ ရက်နေ့က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မန္တလေးငလျင်ဒဏ်ကြောင့် ပြည်သူများပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူများပြုလုပ်ဆောင်ရွက်ရာသို့ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးစိုးလွင်၊ ကျောက်ဆည်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်နှင့် မြို့နယ်ဦးစီးမှူး ဦးအောင်သန်းတို့မှဦးဆောင်ကာ မြို့ပေါ် (၆) ရပ်ကွက် နှင့်ကျေးရွာများမှ မန္တလေးငလျင်ဒဏ်ကြောင့် ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်း(၄၆)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၇၆)ခုတို့ကို ပြည်သူများ လက်ဝယ်ပေးအပ်ထုတ်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)