မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း မြန်မာပြည်ဖွား တရုတ်မျိုးနွယ်စုနှင့် စေတနာအလှူရှင်များက ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်း

ပုသိမ်ကြီး မေ ၁၃

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း မြန်မာပြည်ဖွား တရုတ်မျိုးနွယ်စုနှင့် စေတနာ အလှူရှင်များက ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန် Ms. Gao Ping တက်ရောက်အမှာစကားပြောကြားပြီး၊ ငလျင်ဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်း ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့ကြသည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မိုင်ကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေကြေးစည် လူမှုကူညီရေးအသင်းတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြသည်။ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူတစ်ဦးလျှင် ဆန်ခြောက်ပြည်တစ်အိတ်၊ ဆီ၊ ကုလားပဲတို့ကို လူဦးရေ ၁၀၀၀ အတွက် ပေးအပ်လှူဒါန်းခဲ့ကြပြီး၊ ရွှေကြေးစည်အသင်းအတွက် အောက်ဆီဂျင်အိုးများလည်း ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)