မြစ်သား မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မန္တလေးငလျင်ဒဏ်ကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများပြန်လည် ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ မဟာအတုလဝေယံဘုံမြင့် ဓမ္မာရုံ၌ မေလ ၁၁ ရက်နေ့က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးငလျင်ဒဏ်ကြောင့် ပြည်သူများ ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများ ပြုလုပ်ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးစိုးလွင်၊ ကျောက်ဆည်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်နှင့် မြို့နယ်ဦးစီးမှူး ဦးအောင်သန်းတို့မှ ဦးဆောင်ကာ မြို့ပေါ် (၆) ရပ်ကွက်နှင့်ကျေးရွာများမှ မန္တလေးငလျင်ဒဏ်ကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စု လူဦးရေစာရင်း (၄၆) စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၆) ခုတို့ကို ပြည်သူများထံ ပေးအပ်ထုတ်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)