သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး၊ ဆရာဝန်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေး

မန္တလေး မေ ၁၃

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး၊ ဆရာဝန်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်‌ဆေး(OraVacs) ပထမအကြိမ်တိုက်ကျွေးခြင်းကို မေလ ၁၂ရက် နေ့က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကာကွယ်‌ဆေးတိုက်ကျွေးရာတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာဝင်းနိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဧရာထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးဆောင်သော ဆရာဝန်များ၊သူနာပြုများက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးမှ ဆရာဝန်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ(၂၈၇)နှင့် မိသားစုဝင် (၄၅)ဦး၊ စုစုပေါင်း (၃၃၅)ဦးတို့အား ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ပထမအကြိမ်တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)