အမာမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သင်တန်းဖွင့်လှစ်

အမာ မေ ၁၃

ဧရာဝတီတိုင်းဒသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) (ပစ်ခတ်စဉ်မပါ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ အချိန်က ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဖျာပုံမြိုနယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးငွေမင်းထိုက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသားများကို ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သင်တန်းကို ဖွင့်လှစ်ရခြင်းမှာ မိမိမြို့ရွာ တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးမည့် အန္တရာယ်ကို ပူးပေါင်းကာကွယ် စောင့်ရှောက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို (၄) ပတ်ကြာ ဖွင့်လှစ်သွားရမည်ဖြစ်ကြောင်းနှင့် သင်တန်းသား (၅၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဖျာပုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးငွေမင်းထိုက်နှင့် အဖွဲ့ဝင်များ၊ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၊ အမာနယ်မြေရဲစခန်း၊ စခန်းမှူးရဲအုပ်မိုးကျော်လွင်၊ နယ်မြေမီးသတ်စခန်းမှ လ/ထဦးစီးမှူး ဦးရန်နိုင်လင်း၊ ဘဝသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးအေးဟန်နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)