ညောင်ဦး မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ကစတင်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေစည်းခုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း စတုတ္ထပိုင်းလုပ်ငန်းစဉ်များပါ အလယ်ပစ္စယံနှင့် အောက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအားလည်ကောင်း၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့် China Foundation for Peace and Development တို့ ပူးပေါင်း၍လှူဒါန်းသည့် ဆိုလာမီးတိုင်အစုံ (၁၅၀)အား ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိအဆောက်အဉီများ၊ လမ်းများတွင် ညပိုင်းမီးအလင်းရောင်ရရှိစေရေးအတွက် စနစ်တကျစိုက်ထူနိုင်ရေး သက်ဆိုင်ရာဌာနများ၏ ကြီးကြပ်မှုဖြင့် လျာထားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိရာ ရွှေစည်းခုံဘုရား၊ ချုအင်လိုင်းတန်စောင်းအနီးတွင် ဆိုလာမီးတိုင်စိုက်ထူပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်းကိုလည်းကောင်း၊ ထီးလိုမင်းလိုဘုရားနှင့်တံတိုင်းအကြား ရင်ပြင်တော်၌ သဲကျောက်ပြားခင်းခြင်းလုပ်ငန်းအား ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက မဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း