ကျောက်ဆည် မေ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ကျောက်ဆည်ခရိုင်အတွင်းရှိပြည်သူများ စားသုံး ဆီအခက်အခဲမရှိစေရေး နေ့ရက်အလိုက် အလှည့်ကျ သတ်မှတ်ရည်ညွှန်းဈေးများဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ (၂)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးသောစားအုန်းဆီများကို Resources Group Trading Co,Ltd မှ သတ်မှတ် ရည်ညွှန်းဈေး တစ်ပိဿာငွေ(၆၆၂၀)ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး ပလိပ်မြို့နယ်ခွဲ တပတ်ဆွဲနှင့်စော်ရဲကျေးရွာ စားသုံးဆီ (၄၄၀)ပိဿာအား စားအုန်းဆီတစ်ပိဿာ ငွေ(၇၇၀၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။
စုစုအေး (ကျောက်ဆည်)