မိတ္ထီလာ မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၃ ) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ အ.ထ.က(ချည်စက်) မှ ကျောင်းသူ၊ ကျောင်းသားများက တိုင်းနိုင်ငံလုံးကျော်ကျောင်းအပ်ကြစို့ကွယ် သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထိုနောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားမည့် အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများအား နိုင်ငံတော်မှ အခမဲ့ပေးအပ်သော ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော် နှင့်တာဝန်ရှိသူများက ပေးအပ်သည်။ မိတ္ထီလာမြို့နယ်အတွင်း အထက်တန်းကျောင်း ၁၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၅ ကျောင်း မူလတန်းကျောင်း ၁၉၂ ကျောင်း၊ မူလတန်းကျောင်းခွဲ ၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၇ ကျောင်းရှိသည်။ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် မူလတန်းကျောင်းသားပေါင်း ၃၈ဝ၂၆ဦး၊ အလယ်တန်းကျောင်းသားပေါင်း ၁၅၆၉၂ ဦး၊ အထက်တန်းကျောင်းသားပေါင်း ၁ဝ၂၄၈ ဦး စုစုပေါင်း ၆၃၉၆၆ ဦး ကျောင်းအပ်နှံခဲ့ပြီး ယခုပညာသင်နှစ်တွင် မူလတန်းကျောင်းသားပေါင်း ၃၆၃၆၆ ဦး၊ အလယ်တန်းကျောင်းသားပေါင်း ၁၆၅၅၃ ဦး၊ အထက်တန်းကျောင်းသားပေါင်း ၁၁၁ဝ၁ ဦး စုစုပေါင်း ၆၄ဝ၂ဝ ဦး တိုးတက်ကျောင်းနှံမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
ချမ်းသာ