မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် ကွမ်းယာ၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေးအသိပညာပေး ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ကွမ်းယာ၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပခဲ့သည်။

အမရပူရမြို့နယ်၌ ကျောင်းအပ်နှံနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့၊လေးစုရပ်ကွက်နှင့် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁)၊(၂)နှင့် မြို့ပေါ်ကျောင်းများတွင် ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ပညာသင်ကြားမည့် ကျောင်းသား/သူများကိုမေလ ၂၂ ရက်နေ့ကစတင် လက်ခံလျက်ရှိရာ ကျောင်းအပ်နှံနေမှုများအား ယနေ့နံနက် ၉ နာရီခွဲအချိန်ကလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး ဦးစီမှူးရုံး သင်တန်းခန်းမတွင်စပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၅ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ပျိုးပင် ၇၅၀၀၀ ပျိုးထောင်ထားရှိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၅ မိုးရာသီတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုသို့ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၇၅၀၀၀ ကို မြို့မ(လူထုဖြန့်) ပျိုးဥယျာဉ်တွင်ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံက သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက် (၉) နာရီမှစ၍ ကျောင်းအပ် လက်ခံ ခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်၂၀၂၄၂၀၂၅ပညာသင်နှစ်အတွက် “‌ကျောင်းနေအရွယ်က လေးအားလုံးစဥ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉  နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာကျင်းပခြင်းကို မေလ (၂၂) ရက်၊ နံနက် (၁၀)နာရီခွဲက မင်းလမ်းကျေးရွာအုပ်စုရှိ အဆိုပါကျောင်းတွင်ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး