ကျောက်ဆည်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ကျောက်ဆည် မေ ၂၃

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းစနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ပင်စင်ထုတ်ယူရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့်  ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ (၃၇၉၆)ဦး ကြောင်း၊ ပင်စင်လစာငွေများလာရောက် ထုတ်ယူသူများအား မြန်မာ့စီးပွားရေးဘဏ် (ကျောက်ဆည်)မှ ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စုစုအေး(ကျောက်ဆည်)