ရေကြည်မြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရေကြည်   မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ပိတောက်ချောင်လမ်းဆုံ ရေကြည်ဦးပန်းခြံဝန်းအတွင်း၌ မြို့နယ်သစ်‌တောဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထူးနိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူများ စုပေါင်းတက်ရောက်၍ပျဉ်းကတိုးပင် (၁၄၀)၊ ရေတမာပင် (၅၀)၊ မဟော်ဂနီပင် ( ၅၀ )၊ ကံ့ကော်ပင် (၅၀)၊ ပိတောက်ပင် (၅၀)၊ ခရေပင် (၅၀)၊ ယမနေပင် (၅၀)၊ ပျဉ်းမဖြူပင် (၂၀)၊ ငုရွှေဝါပင်(၂၀)၊ ပင်လယ်ကဗွီးပင်(၂၀) စုစုပေါင်း ပျိုးပင် ( ၅၀၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)