မိတ္ထီလာမြို့၌ ပလတ်စတစ် အမှိုက်ကင်းစင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကမ်ပိန်းဆောင်ရွက်

မိတ္ထီလာ မေ ၂၄

၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာ့တစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌  ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ္ထီလာ မြောက်ကန်ပတ်ဝန်းကျင်တွင် ပလတ်စတစ် အမှိုက်ကင်းစင် ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကမ်ပိန်းလှုပ်ရှားမှုအဖြစ် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြောက်ကန် မြောက်ဘက်ထိပ်မေတ္တာရေကြည် အခမဲ့ဆေးခန်းအနီးမှ မိတ္ထီလာမြောက်ကန်တောင်ဘက်ထိပ် ဇော်ဆေးရုံးအနီးအထိ မိတ္ထီလာမြောက်ကန် ပတ်ဝန်းကျင်ရှိ ပလတ်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များကောက်ယူသိမ်းဆည်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးများ ပြုလုပ်ခြင်းတို့ကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးစန္ဒာ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒေါ်အေးအေးစိုး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် အဆိုပါဌာနများမှ ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                           

ချမ်းသာ