ကျောက်ဆည် မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး)၌ ၂၀၂၅ ခုနှစ် မေလ (၂၂)ရက်နေ့ (၁)နာရီ (၅၀)အချိန်က လျှပ်စစ်ဝါယာလျော့ဖြစ်ကာ ရေခဲသေတ္တာမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု (၁)စုအား ယမန်နေ့မွန်းလွှဲ (၄)နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် မီးဘေးသင့်ခဲ့သည့် မိသားစု (၁)စု၏ လုံးဝပျက်စီးသွားသည့် အလျား (၂၇)ပေ၊ အနံ (၂၇)ပေ၊ အမြင့် (၂၄)ပေ သွပ်မိုးအုပ်ညှပ်နှစ်ထပ် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၂)သိန်း၊ စုစုပေါင်းလူဦးရေ (၆)ဦးအနက် (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၁၀၀၀၀)ကျပ်၊ သေဆုံးသူ (၄)ဦးအတွက် ထောက်ပံ့ငွေ (၁၂၀၀၀၀၀)ကျပ်နှင့် တန်ဖိုးငွေ (၉၁၁၇၈)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ အိမ်ထောင်စု (၁)စုစာ စုစုပေါင်း ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့မှုတန်ဖိုးငွေ (၁၅၀၁၁၇၈)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(ပြန်/ဆက်)