ချမ်းအေးသာစံ မေ ၂၄
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း ၊ ပြည်ပ စေတနာရှင်၊ ရဟန်း၊ ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းမှုအနေဖြင့် အလှူရှင်များဖြစ်သည့် သဲဖြူမဟာမြိုင် တောရဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်နှင့် ကိုရီးယားဆရာတော် Mr.Jung Sungu, Bo Mun Jung Sa Yongin Shi , Republic of Korea ဦးဆောင်သော တပည့် ဒါယကာ၊ ဒါယိကာမတို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် တန်ဖိုးငွေကျပ်(၄၅၀၀)သိန်းရှိ Oxygen Concentrator (၁၀၀)လုံး၊ ငွေသားကျပ်(၁၀၀၀)သိန်း ကိုလည်းကောင်း၊ မုံရွာဆရာမိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ရွှေသု by KS Diamond စိန်ရွှေရတနာဆိုင်မိသားစုက အလှူငွေကျပ် (၁၀၀)သိန်းကိုလည်းကောင်း၊ ကိုဆန်းဒေးအောင်+ မဆန်း သီရိကျော် Dr.Handmade Gem & Jewelry မိသားစုက အလှူငွေကျပ် (၁၀၀)သိန်းကိုလည်းကောင်း စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် မေလ (၃၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများကလက်ခံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်