မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦနှင့် စေတီပျက်များ ရှင်းလင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရ မေ ၂၃

အမရပူရခရိုင်၊ အမရပူရမြို့ပေါ်ရှိ တောင်မင်းကြီးဘုရား၊ ဘုရားသုံးဆူနှင့် ရွှေဂူကြီးဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း ပျက်စီးသွားသောကျောင်းတိုက်များကို သန့်ရှင်းရေးများပြုလုပ်နေရာသို့ ယနေ့နံနက် ၁၁ နာရီအချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်တေဇနှင့် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသိန်းတိုးဝင်းတို့မှ ကြိုဆိုခဲ့ကြပြီး ကျောင်းအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သောအဆောက်အဦများ၊ ​စေတီနှင့်ပုထိုးများ၏ ပျက်စီးမှုများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)