မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆင်းသုခနွေစပါးစံပြကွက်အား ကွင်းဆင်းကြည့်ရှု့

မြစ်သား မေ ၂၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ခန္တီးလေးကျေးရွာကွင်း အမှတ် (၄၅၅) ဦးပိုင်အမှတ် (၁၂.၂၂) တောင်သူ ဦးအောင်ကျော်စိုးစံ၏ စိုက်ပျိုးဧက (၄၅)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စံပြစပါးစိုက်ကွင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆင်းသုခစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်သည် ဒေသခံတောင်သူများ အားရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကိုလမ်း ညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးအတွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆင်းသုခနွေစပါးစံပြကွက် စိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)