ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ငါန်းဇွန် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းများ ဖွင့်လှစ်သင်ကြားရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့အတွက် ကျောင်းအပ်နှံရေးဆောင်ရွက်ရာတွင် ဆရာ ဆရာများအနေဖြင့် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးဌေးဝင်းဦးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဗိုလ်တို့က အတန်းအလိုက် ကျောင်းသား/သူများထံ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/သူများအတွက် အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံ စသည်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။

သက်နောင်ဦး(ငါန်းဇွန်)